Wednesday, July 21, 2010

အဲ၊ သြ၊ အော၊ အို၊-အဲမောင်းရေး မှ အိုင်ကြီး ၁၈-အိုင...

အဲမောင်းရေး ၃၇-မျိုး။ ။ လှံတံမျိုး ထိုးဟန်ပြရေးဟူ၏။
(၁) ပယ်ဝန်း- သက်တင် ရေသောက်ဟန်၊
(၂) ပယ်စိတ်- ခြင်္သေ့တန်းဆွဲဟန်၊
(၃) ပယ်ခွဲ- စလွယ်တင်ဟန်၊

ဧ-ဧကဘဏ္ဍာ၊ ခိုးနည်းလာ၊ မှ ဧဟိဘိက္ခု...။

ဧကဘဏ္ဍာ၊ ခိုးနည်းလာ၊ ၅-ဖြာအဘယ်နည်း။ ။ ၎င်းင်းသရုပ်ကို ခိုးခြင်း ၂၅-ပါး၌ ရှုပါ။

ဦ၊ အု- ဦအက္ခရာ၊ မှ အုပ်ထိန်းရာသော မိန်းမ..။

ဦအက္ခရာ၊ ရေးထုံးလာ၊ မြန်မာ ၃-လုံးရှိ။ ။ မြန်မာစာပေ ရေးရာ၌ "အူ ဦ ဥု" ၎င်းင်း သုံးမျိုးကို ရေးထုံးပြကြသည်။

ဥ- ဥက္ခောင်း လေမျိုး ၁၂-ပါး။ မှ ဥသျှောင်ထုံးငြား၊

ဥက္ခောင်း လေမျိုး ၁၂-ပါး။ ။ လည်ပင်းနှင့် ခေါင်းပိုင်းကို အများဆုံးဒုက္ခပေးတတ်သော လေများ၊ ၎င်းင်းသရုပ်(လေမျိုး ၈၀- « ဃ» အပိုဒ်)၌ ရှုပါလေ။

အိ-ဣ- အိ အက္ခရာ၊ မှ ဣဿရိယ ။

အိ အက္ခရာ၊ ရေးထုံးမှာ၊ မြန်မာ လေးမျိုးရှိ။ ။ မြန်မာဘာသာ၌ ။ -ိ ။ အိ ။ ဣ။ ၏။ ၎င်းလေးမျိုးကိုသင့်သလိုရေးသားကြလေသည်။

အာ၊ အား-အာကာသ ၄-မျိုး။ မှ အားတော် ၁၀-ပါး၊

အာကာသ ၄-မျိုး။ ။ ရေးခြစ်လို့မရသော ကောင်းကင် လေးမျိုး။ (အင်္ကုရဋီကာ။)
(၁) အဇဋာ ကာသ- ယခု မျက်မြင်ဖြစ်သော ဟင်းလင်းကောင်းကင်။
(၂) ပရိစ္ဆိန္နာ ကာသ- တံခါးပေါက် တိုက်နံရံပေါက် အိုးမျက်နှာဝပေါက် စသည် ပိုင်းခြားကာရံအပ်သောအပေါက်ဟူသမျှ။
(၃) ကသိဏုဂ္ဃပါဋိ မာကာသ- အာကာသာနဉ္စယတန ဈာန်၌လာလတ္တံ့သော ကသိုဏ်း ၉-ပါးတွင် တစ်ပါးပါးကို ခွါချ၍ ရအပ်သော ကောင်းကင်ပညတ်။
(၄) ပရိစ္ဆေဒါ ကာသ- ပရိစ္ဆေဒရုပ်ခေါ် အာကာသဓါတ်။


အ (လ၊ ၀၊ သ၊ ဟ၊)-အလဇ္ဇီပုဂ္ဂိုလ်..မှ အဟိတ်ပုဂ္ဂိုလ်......

အလဇ္ဇီပုဂ္ဂိုလ်ဖြစ်ကြောင်း အင်္ဂါ ၅-ပါး။ ။ အလဇ္ဇီပုဂ္ဂိုလ်ဖြစ်ခြင်း၏ အကြောင်းငါးပါး မှတ်သိလွယ်စေရန်လယ်တီဆရာတော်ဖြတ်ထုံးကဗျာဖြင့်ပြအံ့။
(၁) ဘုန်းကံကြီးမား၊ (၂) ခြွေရံများ၍၊ (၃) ပါးရှား သဒ္ဓါ၊ (၄) သက်ဝါကြီးမင်း၊ (၅) စာခေါင်ချင်းဟု၊
ငါးခင်း အညီ၊ အလဇ္ဇီကား၊ တိုက်ကျီ အိမ်တွင်း၊ မီးထွန်းလင်း၍၊ အတင်းဝင်လျှိုး၊ ဖြူအောင်ခိုးသည့်၊သူခိုးအလား၊ ဘုရားရွှေစက်၊ ပေအောင်ဖျက်သည်။ ရှင်ပျက် အလဇ္ဇီ မိုက်ကြီးတည်း။