Wednesday, July 21, 2010

အ (က) - အက္ခဏတရား မှ အကြောင်းတရား


အက္ခဏတရား ၈-ပါး။ ။ ၎င်းသရုပ် (အရပ်ပြစ်ရှစ်ပါး)၌ ရှုပါ။

အက္ခရာ ၄၁-လုံး။ ။ ပါဠိဘာသာမှဆင်းသက်သည့် မြန်မာတို့ရေးသားသတ်မှတ်အပ်သော အက္ခရာအရေအတွက် ၄၁-လုံးရှိသည်ဟူ၏။

အ အာ ဣ ဤ ဥ ဦ ဧ သြ
က ခ ဂ ဃ င၊ စ ဆ ဇ စ် ည
ဋ ဌ ဍ ဎ ဏ၊ တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ၊ ယ ရ လ ၀ သ
ဟ ဠ အံ

အကၡရာ ၂-ပါး။ ။ အကၡရာထီး အကၡရာမဟူလို။ က၀ိကဏ္ဍပါသကျမ်း၌ -
က္က က္ခ ဂ္ဂ ဂ္ဃ စ္စ စ္ဆ ဇ္ဇ ဇ္ဈ၊
႗ ႒ ၮ ၯု ၊ တၱ တၳ ဒၵ ဒၶ ပၸ ပၹ ပၺ ဗၻ
ဟူသော ၀ဂ်ငါးပါးတို့တွင် ပဌမအက္ခရာနှင့် တတိယအက္ခရာတို့ကို အထီး ပုလ္လိင်၊ ဒုတိယအက္ခရာနှင့် စတုတ္ထက္ခရာတို့ကို အမ- ဣတ္ထိလိင်ဟုခေါ်ပုံ။ အချင်းချင်းထပ်ရာ၌ အထီးအထီးချင်းထပ်ကောင်းပုံ၊ အမနှင့်ထပ်ရာဝယ် အထီးက အပေါ်ကနေပုံ။ အမအချင်းချင်းကား မထပ်ကောင်းပုံ။ အထီး၏အထက်ကလည်း အမ မနေကောင်းပုံတို့ကို ဖေါ်ပြ၏။

အက္ခရာကြီး ၄-လုံး။ ။ အင်း အိုင် မန္တန်တို့၌ အသုံးပြုသောမြန်မာအက္ခရာကြီး လေးလုံး။
"က ကြီး ဃ ကြီး ဏ ကြီး ဠ ကြီး"

အက္ခောဘိဏီမျိုးငါးပါး။ ။ အက္ခောဘိဏီတပ်ဖွဲ့ပုံ အမျိုးမျိုးရှိ၏။ ထိုအနက် ငါးပါးတို့ကိုသာဖေါ်ပြပေအံ့။
(၁) သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက်(ဓမ္မိလ-တမယ်လ်)ကျေးလူမျိုးတို့စစ်တိုက်ရာ ချီတက်သော အက္ခောဘိဏီတပ်မှာ မဟာဝင်ဋီကာအရ တိုက်ဆင် တစ်ကုဋေ၊ ရထားဆယ်ကုဋေ၊ မြင်းပေါင်း ကုဋေတစ်ရာ၊ လေးပစ်လေးဆွဲသူရဲ ကုဋေနှစ်ရာ၊ စစ်သည်လူ ကုဋေ တစ်သောင်းလေးထောင်၊ စုစုပေါင်း တစ်သောင်း လေးထောင့်သုံးရာ တစ်ဆယ့်တစ်ကုဋေရှိ၏။
(၂) မဟောသဓတို့စစ်ချီတက်စဉ်၌ အက္ခောဘိဏီတပ် တစ်တပ်ဟူသည်မှာ ၀ါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ စစ်အင်္ဂါလေးပါးတို့နင်းသွား၍ မြူမှုန်ဖြစ်လျှင် တစ်ဖန်ဝါးအလုံးခြောက်ဆယ်တစ်စည်းကိုချပြန်၏၊ ဤသို့နင်းသွားခြင်းဖြင့် ၀ါးအလုံးခြောက်ဆယ်အစည်းပေါင်းခြောက်ဆယ် ဖုတ်မြူမှုန့်ဖြစ်အောင် များပြားသော
စစ်အင်္ဂါလေးပါး အရေအတွက်ကိုဆို၏။
(၃) ပုဂံမင်းဆက် ၅၀-မြောက် သက္ကရာဇ် ၅၉၆-ခုနှစ်တွင်နန်းတက်သော ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းကြီးလက်ထက် လောကီသင်္သကရိုဋ်သဒ္ဒါကျမ်းများနှင့်သဗ္ဗညုဘုရားဟောပါဌဇာတ်
ပါဠိတော်၎င်းင်းအဋ္ဌကထာ သုတ္တန်ဝိနည်း အဘိဓမ္မာ ပါဠိတော်အဋ္ဌကထာ ဋီကာများ
မှလာရှိသည့် ပြယုဂ်အဓိပ္ပါယ်များကိုပါ ထုတ်ဆောင်ညှိနှိုင်းပြီးလျှင် ရေးသားစီရင်တော်မူခဲ့သောသဒ္ဒနီတိကျမ်းဆရာ အရှင်အဂ္ဂ၀ံသထေရ်မြတ်သည်
န၀ နာဂ သဟဿာနိ နာဂေ နာဂေ သတံ ရထာ။
ရထေ ရထေ သတံ အဿာ အေဿ အေဿ သတံ နရာ။
နရေ နရေ သတံ ကညာ ဧကေကိဿံ သတိတ္ထိယော။
ဧသာ အက္ခောဘိဏီနာမ ပုဗ္ဗာစရိယေဟိ ဘာသိတာ ---
ဟု ၎င်းသဒ္ဒါနီတိကျမ်း၌ အက္ခေဘိဏီယူပုံကိုပြဆိုသည်။ အဓိပ္ပါယ်မှာ ဆင်ပေါက်ကြီး
ကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ ခြေသည်သူရဲကုဋေကိုးရာ၊ သမီးကညာ ကုဋေ
ကိုးသောင်း၊ မိန်းမ ကုဋေကိုးသန်း ဤအရေအတွက်ကို အက္ခောဘိဏီဟု ရှေးဆရာတို့မိန့်ဆိုကုန်၏။
(၄) အမရကောသ အဘိဓာန် ဋီကာတို့၌ကား။ ဆင်- ၂၁၈၇၀။ ရထား-၂၁၈၇၀။ မြင်း- ၆၅၆၀၀။ ခြေသည်-၁၀၉၃၅၀။ ပေါင်း ၂၁၈၇၀၀-သည် အက္ခောဘိဏီ သေနာဗျူဟာ မည်၏ ဟုဆို၏။
(၅) မကြာမီခေတ်၌ကားဆုတ်ကပ်ဖြစ်၍ လူတို့အသက်တို ဦးရေနည်းပါးသောကြောင့် အက္ခောဘိဏီတပ်ဖွဲ့ရာ အရေအတွက်အလွန်နည်းပါးလေသည်။ ၎င်းင်းပြင် ဆင် နည်းပါးသောကြောင့် စစ်အင်္ဂါလေးပါး ပြည့်စုံအောင်ပင် တပ်မစည်းကြပ်နိုင်ချေ။

အကာလခါ၊ လည်သူမှာ၊ ၆-ဖြာအပြစ်ရ။ ။ သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၈-တို့၌အကျယ်ရှု။ အချိန်မဟုတ်မိုးချုပ်ညဥ့်နက်လှည့်ပတ်သွားလာသူများအား အပြစ်ခြောက်ပါး ရနိုင်ကြောင်းကို သိင်္ဂါလသုတ်၌ ဘုရားဟောတော်မူသည်၊ (၁) မိမိကိုယ်ကို မစောင့်ရှောက် မလုံခြုံဖြစ်စေ၏၊
(၂) မိမိသားမယားများကို မစောင့်ရှောက် မလုံမခြုံဖြစ်စေ၏၊
(၃) ပစ္စည်းဥစ္စာများ မလုံခြုံစောင့်ရှောက်မဲ့ဖြစ်စေ၏၊
(၄) မကောင်းရာအရပ်၌ သူတပါးတို့၏ မသင်္ကာမှုခံရ၏၊
(၅) မဟုတ်မမှန်စွပ်စွဲခံရတတ်၏၊
(၆) ဆင်းရဲဒုက္ခအပေါင်းကို ခေါင်းဆောင်ခေါ်ယူရာကျ၏။

အ ကုသလ ကမ္မပထတရား ၁၀-ပါး။ ။ အပါယ်လားကြောင်းတရား ဆယ်ပါး။ ။ ၎င်းင်းသရုပ် (ဒုစရိုက်တရားဆယ်ပါး)နှင့်တူ၏၊ မူလပဏ္ဏာသပါဠိတော်။ ပ-အုပ်။ ၅၇။ အဋ္ဌကထာ။ ပ-အုပ်။ ၂၀၁-၌အကျယ်ရှုပါ။

အကုသိုလ်စိတ် ၁၂-ပါး။ ။ လောဘမူစိတ် ၈-ပါး၊ ဒေါသမူစိတ် ၂-ပါး၊ မောဟမူစိတ် ၂-ပါး၊ ပေါင်း ၁၂-ပါးဟူ၏။

အကုသိုလ်စေတသိက် ၁၄-ပါး။ ။ အကုသိုလ်စိတ်များဖြင့်သာယှဉ်၍ဖြစ်သော စေတသိက်များဟူ၏၊
(၁) လောဘ = ဆာလောင်မွတ်သိပ်တွယ်တာ သာယာခင်မင်ခြင်း လက္ခဏာ၊
(၂) ဒေါသ= ကြမ်းတမ်းပြစ်မှားနှိပ်စက်ဖျက်ဆီးခြင်း လက္ခဏာ၊
(၃) မောဟ = အမှန်တရားကိုမသိခြင်း၊
(၄) အဟိရိက = မကောင်းမှုပြုရမှာ မရှက်ခြင်း၊
(၅) အနောတ္တပ္ပ = မကောင်းမှုပြုရမှာမကြောက်မလန့်ခြင်း၊
(၆) ဥဒ္ဓစ္စ = ပျံ့လွင့်တုန်လှုပ်ခြင်း၊
(၇) မာန = ငါကွ...ဟုထောင်လွှားခြင်း၊
(၈) ဒိဋ္ဌိ = အမှားကို အမှန်ဟုစွဲယူထားခြင်း၊
(၉) ဣဿာ = သူတစ်ပါးအားမလိုတမာ ငြူစူလာခြင်း၊
(၁၀) မစ္ဆရိယ = မိမိစည်းစိမ်ကို နှမြောဝန်တို မဆက်ဆံလိုလျက် ဖုံးဝှက်ကာထားခြင်း၊
(၁၁) ကုက္ကုစ္စ = ပြုပြီးသားအကုသိုလ်၊ မပြုလိုက်ရတဲ့ကုသိုလ်တို့အတွက် နောင်မှတ, ကာပူပန်လာခြင်း၊
(၁၂) ထိန = ကုသိုလ်ပြုရာ၌ စိတ်ဓါတ်လျော့ပါးနည်းပါးခြင်း၊
(၁၃) မိဒ္ဓ = ထိနကြောင့်ထိုင်းမှိုင်း ငိုက်မျဉ်း၍လာခြင်း၊
(၁၄) ၀ိစိကိစ္ဆာ = ကောင်းမှုကုသိုလ်တရား၌ ယုံရမှာလား၊ မယုံရမှာလားဟု သို့လောသို့လော
တွေးတောယုံမှားခြင်းလက္ခဏာရှိ၏။

အကုသိုလ်မူလတရား ၃-ပါး။ ။ ဓမ္မသင်္ဂဏီပါဠိတော် ၂၀၅။ ဋ္ဌ။ ၃၀၈-၌အကျယ်ရှု။
(၁) လောဘ၊ (၂) ဒေါသ၊ (၃) မောဟ၊ အကုသိုလ်ဟူသမျှ သူတို့လျှင်အရင်းမူလရှိ၏။

အကျင့်တရားမျိုး ၃-ပါး။ ။ ဓမ္မစကြာ၌လောကသားတို့၏ ကောင်း, မကောင်း ကိုယ်ကျင့်တရား
သုံးပါးဟူ၏၊
(၁) ကာမသုခလ္လိကာနုယောဂ- လောကီစည်းစိမ်ကာမဂုဏ် အမျိုးမျိုးတို့ကို ခံစားပျော်ပါးနေမှု
လက်ယာလမ်းအချောင်သမားတို့ကျင့်စဉ်၊
(၂) အတ္တကိလမထာနုယောဂ- အတ္တဒိဋ္ဌိသမားတို့ မိမိကိုယ်ခန္ဓာဆင်းရဲ ပင်ပန်းကြောင်း အကျိုးမဲ့ ဒုက္ခခံကျင့်မှု လက်ဝဲလမ်းကျင့်စဉ်၊
(၃) မဇ္ဈိမပဋိပဒါ- အထက်ပါကျင့်စဉ်နှစ်ပါး တို့သို့မလိုက်၊ အလယ်အလတ်ကောင်းမြတ်သော မဂ္ဂင်ရှစ်ပါး အရိယာတို့ကျင့်စဉ်လမ်းမှန်တရား။

အကျိုးဆောင်သူ ၄-မျိုး။ ။ မူလပဏ္ဏာသ။ ပ။ ပါ။ ၁၉၉။ ဋ္ဌ။ ဒု-၄၃။
(၁) သူ့ကျိုးမရှိ ကိုယ်ကျိုးသက်သက်သာကျင့်ဆောင်သူ၊
(၂) ကိုယ်ကျိုးမပါ သူ့ကျိုးသက်သက်သာကျင့်ဆောင်ပေးသူ၊
(၃) အတ္တ-ပရ နှစ်ဦးအကျိုးအတွက်ကျင့်ဆောင်သူ၊
(၄) အတ္တ-ပရ နှစ်ဦးအကျိုးပျက်အောင်ကျင့်ဆောင်သူ၊ ၁-နှင့် ၄-ကိုရှောင်ရမည်ဟူ၏။

အကျိုးမဲ့ပျော်မွေ့ခြင်းမျိုး ၄-ပါး။ ။ သုတ်မဟာဝါ။ ပါ။ ၁၁၈။ ဋ္ဌ-၆၆။ ရဟန်းတော်များကိုအဦးထား၍ဟောကြားသည်၊
(၁) ကမ္မာရာမ တာ = ပရိယတ် ပဋိပတ်အားမထုတ်ဘဲ အခြားအလုပ်၌သာပျော်မွေ့နေသူ၊
(၂) ဘဿာရာမ တာ = မဂ်ဖိုလ်၏ဆန့်ကျင်ဘက်စကားပြောခြင်းဖြင့်သာ ပျော်မွေ့နေသူ၊
(၃) နိဒ္ဒါရာမ တာ = အိပ်စက်ခြင်းဖြင့်သာ မွေ့လျော်နှစ်ခြိုက်နေသူ၊
(၄) သင်္ဂဏိကာရာမ တာ = တစ်ယောက်တည်းမနေတတ်ဘဲ အပေါင်းအဖေါ်နှင့်သာ ပျော်ပိုက်
နှစ်ခြိုက်နေတတ်သူ။

အကျိုးမဲ့အလှူမျိုး ၅-ပါး။ ။ အကျိုးမရှိ မပေးလှူကောင်းသောအလှူမျိုးငါးပါးဟူ၏၊ ၎င်းင်းသရုပ်အဓိပ္ပါယ်အကျယ်ကို (မပေးလှူကောင်းသော ဒါနမျိုး ၅-ပါး) မှာ ကြည့်ပါ။

အကျော်မျိုး ၄-ပါး။ ။ အချို့ဆေးကျမ်းစာတို့၌ "အနံ့မျိုးလေးပါး"ဟုလည်း ပညတ်တင်ကြသည်။
(၁) အကျော်၊ (၂) ပရုပ်၊ (၃) ဇလပ်၊ (၄) စန္ဒကူး။

အကျွမ်းမ၀င်ရာသည် ၆-ပါး။ ။ ဤ၌ လွယ်ကူစွာကျက်မှတ်နိုင်ရန် စာဏကျပျို့မှ
ထုတ်ပြလိုက်သည်။
(၁) ခြင်္သေ့သစ် ကျား၊ သားရဲများတည့်၊
(၂) ချိုအားရှိလာ၊ သတ္တ၀ါနှင့်၊
(၃) ရေသာနက်တောင်း၊ မြစ်နှင့်ချောင်းတည့်၊
(၄) အပေါင်းမိန်းမ၊ ဟူသမျှနှင့်၊
(၅) ရာဇထွတ်တင်၊ ရှင်ဘုရင်ဟု၊
(၆) လက်တွင်ကိုင်လာ၊ လက်နက်ပါသား၊ ခြောက်ဖြာအပြား၊ ဤသူများတည့်။

အကျွမ်းမ၀င်ရာသည် ၇-ပါး တနည်း။ ။ သုဗောဓာလင်္ကာရကျမ်းမှယူပြသည်။
(၁) ဣတ္ထိ-မိန်းမ၊
(၂) ဒုဇ္ဇန-သူယုတ်၊
(၃) ၀ိသ-အဆိပ်၊
(၄) သိင်္ဂီ-ဦးချိုရှိသတ္တ၀ါ၊
(၅) ရောဂ-ကူးစက်တတ်သောသူနာ၊
(၆) နဒီ-မြစ် ချောင်း အိုင်၊
(၇) ရာဇကုလ-မင်းမျိုး ဟူ၏။

အကြီးကျယ်ဆုံးပုဂ္ဂိုလ်ကြီး ၄-ယောက်။ ။ စတုင်္ကဂုတ္တိုရ်။ပါ။ ၃၂၄၊ဋ္ဌ။ ၂၆၁။
(၁) ကိုယ်ခန္ဓာအကြီးဆုံးအသူရိန်ခေါ်ရာဟုနတ်ကြီး၊
(၂) ကာမဂုဏ်ခံစားသူတို့တွင် မန္ဓာတုစကြာမင်းအကြီးကျယ်ဆုံး၊
(၃) အာဏာလိုချင်သူ အုပ်စိုးသူတို့တွင် မာရ်နတ်ကြီး၊
(၄) လောကသုံးပါး၌ အတုမရှိကြီးကျယ်တော်မူသူကား မြတ်စွာဘုရားသခင်ဖြစ်၏။

အကြောင်းတရားကြီး ၄-ပါး။ ။ လောက ၃-ပါးအား အစဉ်အမြဲ ကောင်းဆိုး ၂-မျိုး ပြုပြင်စီမံပေးနေသော အကြောင်းတရားကြီး ၄-ပါး၊
(၁) ကံ- သတ္တ၀ါတို့၏ကောင်းသောအလုပ်နှင့် မကောင်းသောအလုပ်၊
(၂) စိတ်- သတ္တ၀ါတို့၏ကောင်းသောစိတ်နှင့် မကောင်းသောစိတ်၊
(၃) ဥတု- အပူ အအေး လွန်ကဲမျှတမှု ဆောင်း နွေ မိုး၊
(၄) အာဟာရ- စားသောက်ဖွယ်နှင့် နှစ်သက် လွန်ကဲ မျှတ တင်းတိမ်မှုများ။

No comments:

Post a Comment