Wednesday, July 21, 2010

အ (တ၊ ထ) -အတ္တဒိဋ္ဌိ၊ မှ အထင်အမြင် အထိ

အတ္တဒိဋ္ဌိ၊ မရှိခြင်းရာ၊ ၁၂-ဖြာ၊ ကျမ်းလာမည်သို့နည်း?။ ။ ၎င်းအဖြေ
(သုညတတရား ၁၂-ပါး)၌ကြည့်ပါ။

အတ္တမျိုး ၂-ပါး။ ။ သမ္မာသမ္ဗုဒ္ဓ၏ အနတ္တ၀ါဒကို မိစ္ဆာဝါဒီတက္ကီပုဂ္ဂိုလ်တို့ကြံဆပြောဆိုကြသော ပညတ်မျှဖြစ်သည့်အတ္တ ၂-မျိုး။
(၁) ဇီဝအတ္တ- ခန္ဓာအိမ်ပျက်သော်လည်း မပျက်စီးပဲအမြဲတည်နေသော ငါကောင်ခေါ် ၀ိညာဏ်၊ လိပ်ပြာ အသက်၊ အာရဗီလို "ရူဟ်"အင်္ဂလိပ်လို "ဆိုးလ်" ဟိန္ဒီလို "အာတမာ"ခေါ်သောအရာများ၊
(၂) ပရမအတ္တ- ထာဝရဘုရားသခင်ကိုးကွယ်သူတို့က 'လောကကိုဖန်ဆင်းတတ်သူ'ဟု ထင်မှတ်ပြောဆိုအပ်သောအရာသည် ပရမတ္ထခေါ် ပရမအတ္တမည်၏၊ ၎င်းင်းကိုပင် ဟိန္ဒီဘာသာ၌ ဤယွှရ ပရမေယွှရ ပရမေယှဟူ၍လည်းကောင်း၊ ပါရှင်ဘာသာ၌ ခုဒါ ခိုဒါဟူ၍လည်းကောင်း၊ အာရဗီဘာသာ၌ အလ’ာဟ်ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာ၌ ဂေါ့ဒ်ဟူ၍လည်းကောင်း၊ မြန်မာဘာသာ၌ ထာဝရဘုရားဟူ၍လည်းကောင်း ခေါ်ဆိုကြကုန်၏။

အတ္တဒိဋ္ဌိမျိုး ၂၀။ ။ ၎င်းသရုပ်ကို (သက္ကာယဒိဋ္ဌိ ၂၀)၌ပြအံ့၊ သဘောတူ၏။

အတ္ထပဋိသမ္ဘိဒါမျိုး ၅-ပါး။ ။ ၎င်းသရုပ်၏အဓိပ္ပါယ်ကို "ပဋိသမ္ဘိဒါ ၄-ပါး" ၌ ကြည့်ပါ။

အတိတ်အဓွန့်တရားမျိုး ၂-ပါး။ ။၎င်းအဖြေကို(အဓွန့် ၃-ပါး)၌ ပြမည်။

အတိုင်ပင်ခံ၊ နည်း ၃-တန်၊ ထုတ်ပြန်ဖေါ်ပြပါ။ ။ ၎င်းအဖြေ (တိုင်ပင်ခြင်းမျိုး ၃-ပါး)
ဟူသောပုစ္ဆာ၌ထင်ရှားအံ့။

အတိုင်းအတာဝေါဟာရ ၁၂-မျိုးလင်္ကာ။ ။ လက်သစ်တောင်သာ ယူဇနာတိုင်အောင်သော မြန်မာတို့၏အတိုင်းအတာနည်းလင်္ကာဟူလို၊
(၁) ၁၀-ဆံခြည်မျှင် တစ်နှမ်း၊
(၂) ၆-နှမ်း တစ်မုယော၊
(၃) ၄-မုယော တစ်လက်သစ်၊
(၄) ၈ လက်သစ် တစ်မိုက်၊
(၅) ၃-မိုက် တစ်တောင်၊
(၆) ၄-တောင်တစ်လံ၊
(၇) ၇-တောင် တစ်တာ၊
(၈) ၂၀-တာ တစ်ဥဿဘ၊
(၉) ၂၀-ဥဿဘ တစ်ကောသ၊
(၁၀) ၄-ကောသ တစ်ဂါဝုတ်၊
(၁၁) ၄-ဂါဝုတ် တစ်ယူဇနာ၊
(၁၂) တာ (၁၀၀၀)တစ်ထောင် တစ်တိုင်။
မှတ်ချက်။ ။ မြန်မာဆယ်တိုင်ကို ခရီးတစ်သောင်းဟုခေါ်သည်မှာ တာပေါင်း(၁၀၀၀၀)တစ်သောင်း
ရှိသောကြောင့် ဖြစ်၏။

အတွင်း ၃၇-မင်း။ ။ ပါထေယျဝဂ် အာဋာနာဋိယသုတ် ပါဠိတော်၌ပါရှိသော ၃၇-မင်းနတ်များ၊
(၁) ဣန္ဒနတ်၊
(၂) သောမနတ်၊
(၃) ၀ရုဏနတ်၊
(၄) ဘာရဒွါဇနတ်၊
(၅) ပဇာပတိနတ်၊
(၆) စန္ဒနတ်၊
(၇) ကာမသေဋ္ဌနတ်၊
(၈) ကိန္နုဃဏ္ဍုနတ်၊
(၉) နိဃဏ္ဍုနတ်၊
(၁၀) ပနာဒ ယက္ခသေနာပတိနတ်၊
(၁၁) သြပမညယက္ခ သေနာပတိနတ်၊
(၁၂) ဒေ၀သုတ ယက္ခ သေနာပတိနတ်၊
(၁၃) စိတ္တသေန ယက္ခ သေနာပတိနတ်၊
(၁၄) နဠောရာဇ ယက္ခ သေနာပတိနတ်၊
(၁၅) ဇနေသဘ ယက္ခ သေနာပတိနတ်၊
(၁၆) သာတာဂိရိ ယက္ခ သေနာပတိနတ်၊
(၁၇) ဟေမ၀တ ယက္ခ သေနာပတိနတ်၊
(၁၈) ပုဏ္ဏ ယက္ခ သေနာပတိနတ်။
(၁၉) ကရတိယ ယက္ခ သေနာပတိနတ်၊
(၂၀) သီဝက ယက္ခ သေနာပတိနတ်၊
(၂၁) ပုစလိန္ဒ ယက္ခ သေနာပတိနတ်၊
(၂၂) ဝေသာမိတ္တ ယက္ခ သေနာပတိနတ်၊
(၂၃) ယုဂန္ဓရ ယက္ခ သေနာပတိနတ်၊
(၂၄) ဂေါပါလ ယက္ခသေနာပတိနတ်၊
(၂၅) သုပ္ပရောဓ ယက္ခ သေနာပတိနတ်၊
(၂၆) ဟိရိ ယက္ခ သေနာပတိနတ်၊
(၂၇) နေတ္တိ ယက္ခ သေနာပတိနတ်၊
(၂၈) မန္ဒိယ ယက္ခ သေနာပတိနတ်၊
(၂၉) ပÍ္စလစဏ္ဍ ယက္ခ သေနာပတိနတ်၊
(၃၀) အာဠာဝက ယက္ခ သေနာပတိနတ်၊
(၃၁) ပဇ္ဇုန္န ယက္ခ သေနာပတိနတ်၊
(၃၂) သုမန ယက္ခ သေနာပတိနတ်၊
(၃၃) သုမုဒ ယက္ခ သေနာပတိနတ်၊
(၃၄) ဒ၀ိမုခ ယက္ခ သေနာပတိနတ်၊
(၃၅) မဏိ ယက္ခ သေနာပတိနတ်၊
(၃၆) မာဏိဓရ ယက္ခ သေနာပတိနတ်၊
(၃၇) သေရိသက ယက္ခ သေနာပတိနတ်။

အတွင်းတာရာ ၉-လုံး။ ။ ၎င်းအဖြေမူကျယ်ကို (တာရာကြီး ၉-လုံး)၌ ရှုပါ။

အတွင်းဝန်များ၊ ရာထူးထား၊ ၈-ပါး အင်္ဂါညီ။ ။ ဤအင်္ဂါရှစ်ပါးနှင့်ပြည့်စုံမှသာ အတွင်းဝန်ရာထူးကို ခံယူထမ်း ရွက်စေရမည်ဟူ၏၊ (ရာဇနီတိမှ)
(၁) ဣန္ဒိယ- သိက္ခာရှိမှု၊
(၂) မနုည- စိတ်နှလုံးကောင်းမှု၊
(၃) ဘာသန္တရ ဆေက- ဘာသာခြား စကားတတ်မှု၊
(၄) ဓမ္မစာရီ- သူကောင်းတရားကျင့်သုံးသူဖြစ်ခြင်း၊
(၅) နာနာသိပ္ပီ-အတတ်မျိုးစုံတတ်သူဖြစ်ခြင်း၊
(၆) ကုလ ဓမ္မိက- မျိုးစောင့်တရားရှိသူဖြစ်ခြင်း၊
(၇) ဂရုက- အရှင့်အားကြောက်ချစ်ရိုသေခြင်း၊
(၈) ၀ိညာတ- အရိပ်အကဲ၌ လိမ္မာကျွမ်းကျင်ခြင်း။

အထင်အမြင်သေးခံရတတ်သူမျိုး ၅-ယောက်။ ။ ပဉ္စင်္ဂုတ္တရပါဠိတော် ၁၄၅။ ဋ္ဌ။ ၅၀-၌ အကျယ်ရှု။
(၁) ပစ္စည်း ဥစ္စာပေးကမ်းပြီးလျှင် လူပုံအလယ်၌ မိမိကိုယ်ကိုထည်ဝါစွာ ဂုဏ်ဖေါ်တတ်သူ၊
(၂) ရင်းနှီးစွာပေါင်းသင်းပြီး၍အရည်အချင်းမရှိမှန်း အသိခံရသူ၊
(၃) သူတစ်ပါးပြောစကားကို ယုံကြည်လွယ်သူ၊
(၄) ခုချစ် ခုမုန်းစသည်အပြောင်းအလဲမြန်သူ၊
(၅) လျှပ်ပေါ်လော်လည်၍ ကိုယ်ပိုင်အတွေးအခေါ် အသိဥာဏ်မှန် ညံ့ဖျင်းသူ။

အထင်အမြင်သေးခံရသူ ၁၀-ယောက် တစ်နည်း။ ။ ၎င်းသရုပ်
(လူမလေး ခွေးမခံ့သော ပုဂ္ဂိုလ်တစ်ကျိပ်)၌ ရှုပါ။

No comments:

Post a Comment